ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) များ နယ်မြေ ရှင်းလင်းရေး၊ မိုင်း ရှင်းလင်းရေး လုပ်ဆောင်နေစဉ် ယနေ့ မေလ ၁၀ ရက်တွင် စစ်ကောင်စီတပ်နှင့် တွေ့ဆုံ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ DMO-PDF ၊ KRU တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒေါငံခါးကျေးရွာတွင် နယ်မြေရှင်းလင်းရေး ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အလယ်ပိုင်းတိုင်အထူးစစ်ဆင်ရေးအဖွဲ့ က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး DMO- PDF မှ ၂ ဦး ၊ KRU မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။