NUG မဟာမိတ်ဆက်ဆံရေး ကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ တို့ တွေ့ဆုံ ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NUG မဟာမိတ်ဆက်ဆံရေး ကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ တို့ တွေ့ဆုံ ဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ( NUG) မဟာမိတ်ဆက်ဆံရေး ကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့ ယနေ့ မေလ ၁၆ ရက်တွင် အွန်လိုင်းမှ တဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

.

ဆွေးနွေးပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင် တို့ ဦးဆောင်သည့် မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင် တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရတို့ တက်ရောက်၍ ၂ နာရီကြာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

.

မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု NUG က ဆိုသည်။

.

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရဘက်က လက်ရှိလုပ်ဆောင်လျက် ရှိ‌သော အခြေအနေများ၊  အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats