ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် တော်လှန်ရေးအင်အားစု ၅ ဖွဲ့ ပူးပေါင်းထားသော ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY) တပ်ရင်းသည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ (၃)၊ ၁၀၀၈ တပ်ရင်းအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY) တပ်ရင်းကို ပြီးခဲ့သည့်ဧပြီလ ၂၁ ရက်တွင် SSRY Eagel Force ၊ Dragon Force၊ Tai PDF Cobra Force ၊ Dove Guerrilla Force ၊ Southern Shan Irine Force တို့ဖြင့် စုစည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
.
NUG ၏ တရားဝင် တပ်ရင်းတစ်ခု အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရပြီ ဖြစ်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ၎င်းတို့နှင့် ရည်ရွယ်ချက်တူသော မည်သည့် အဖွဲ့အစည်းများနှင့်မဆို လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်ရင်း(၁၀၀၈) ၏ ယနေ့ မေလ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် အသိပေးထားသည်။