ဒီးမော့ဆိုမြို့နယ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို KRU ရှောင်တခင် ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို KRU ရှောင်တခင် ဝင်တိုက်


ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အနီး၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ ၁၇ ရက်၊ ညပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့က ရှောင်တခင် ပြောက်ကျား ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၍ ထိခိုက် ဒဏ်ရာ ရရှိမူများ ရှိခဲ့ပြီး KRU ဘက်မှ ၁ ဦး အသေးစား ဒဏ်ရာ ရရှိခဲ့သည်ဟု KRU က‌ ယနေ့တွင် ထုတ်ပြန်သည်။

.

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် တင့်ကားများ အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats