ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကြောင်း KRU ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကြောင်း KRU ထုတ်ပြန်


ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ မေလ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

.

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) သည် ဧပြီလ ၂၇ နှင့် ၂၈ ရက်များတွင် ဒီးမော့ဆိုမြို့နယ်အတွင်း နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ပြီး ဧပြီလ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၂ နာရီခန့်တွင် တစ်ကြိမ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့်အတူ DMO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းနှင့် နောင်တွင်လည်း ကရင်နီဒေသတွင်းရှိ အခြား တော်လှန်ရေးတပ်များနှင့်အတူ စစ်ကောင်စီတပ်ကို ပူးပေါင်း တိုက်ထုတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ယခုသတင်း ထုတ်ပြန်သည့်အချိန်ထိ တစ်စုံတရာ ထုတ်ပြန် ပြောဆိုထားခြင်း မရှိသေးပေ။

Journal Download

Photo of three cats