ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်း ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၃၁ ရက်တွင် ကရင်နီပြည်နယ် တစ်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၅) တပ်ဖွဲ့ဝင်များက စစ်ရေးပြ ချီတက် အလေးပြုခြင်း၊ ဗဟိုကော်မတီဝင်များက အမှာစကား ပြောကြားခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်းတို့အား ဆောင်ရွက်ခဲ့သည်ဟု တပ်ရင်း(၅)က ထုတ်ပြန်သည်။
.
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် MNDAA ၊ TNLA ၊ AA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့အပြင် အခြားသော မဟာမိတ်အဖွဲအစည်းများက KNDF ဖွဲ့စည်း ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။
.
ပြည်သူများကို အကြမ်းဖက်နေသည့် စစ်ကောင်စီကို အင်အား အပြည့်ဖြင့် တန်ပြန် တိုက်ခိုက်နိုင်ရန်အတွက် ကရင်နီပြည်နယ်အတွင်းက ပြန့်ကြဲနေသော ပြည်သူ့ကာကွယ်ရေးတပ်များကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမည်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်တွင် စုစည်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
KNDF ၏ စစ်ဦးစီးချုပ်မှာ ကရင်နီတပ်မတော် (KA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး ဖြစ်ကာ KNDF သည် KA နှင့် ပူးတွဲတိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း သိရသည်။