ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အထွက် တစ်နေရာ၌ စခန်းချနေသော စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း(၃)က ယနေ့ မေလ ၉ ရက်၊ နံနက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
.
" ပြည်သူများ၏ ထောက်ပံ့ကူညီမှုကြောင့် ဝယ်ယူ ရရှိခဲ့သော စနိုက်ပါဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ စစ်သား ၃ ဦးကျဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။" ဟု KNDF တပ်ရင်း(၃) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ပစ်ခတ်မှုမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း KNDF ဘက်မှ အထိခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။