KNDF ကို တတ်စွမ်းသ၍ ပံ့ပိုးကူညီပေးမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာ ပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNDF ကို တတ်စွမ်းသ၍ ပံ့ပိုးကူညီပေးမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာ ပို့

ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုကို အလေးထား အသိအမှတ် ပြုခြင်းနှင့်အတူ တတ်နိုင်သော အကူအညီများကိုလည်း တတ်စွမ်းသ၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က KNDF ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
.
ယနေ့ မေလ ၃၁ ရက်တွင် ကျရောက်သည့် KNDF ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားအတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်  (MNDAA)၊ တအောင်း အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
.
KNDF သည် ကရင်နီလူမျိုးများ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး  တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ယုံကြည်မှု၊ အားပေးမှု၊ ပံ့ပိုးကူညီမှုများကို ရရှိထားကာ တစ်နှစ်တာ ကာလအတွင်း တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက်၊ လူအင်အားဖြင့် တည်ဆောက်နိုင်ခြင်း၊ စုဖွဲ့မှု ကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအား ချေမှုန်း တိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများ တည်ဆောက်နိုင်ခြင်း အပါအဝင် ထိုက်သင့်သည့် စစ်ရေး အတွေ့အကြုံ ရရှိထားသော အဖွဲ့အစည်း ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
.
KNDF က ချမှတ်ထား‌သော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ပြီး ကရင်နီပြည်သူများ လိုလား တောင်းတသည့် ရည်မှန်းချက်များ ပြည့်ဝစေရန်ကိုလည်း သဝဏ်လွှာတွင် ဆုမွန်ကောင်း တောင်းပေးထားသည်။

Journal Download

Photo of three cats