KNDF တပ်ရင်း (၅) က အမျိုးသမီး အထူးတပ်ခွဲ ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNDF တပ်ရင်း (၅) က အမျိုးသမီး အထူးတပ်ခွဲ ဖွဲ့စည်း




ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်း (၅) က အမျိုးသမီးအထူးတပ်ခွဲကို ဖွဲ့စည်းထားသည်ဟု အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းပုံများနှင့် တကွ ယမန်နေ့ မေလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါ အမျိုးသမီးအထူးတပ်သားသင်တန်းကို ယခုနှစ် မေလအတွင်း ကရင်နီပြည် တစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်းနှင့် သင်တန်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင် ၆၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု KNDF တပ်ရင်း (၅) က ဆိုသည်။

.





ယခု ဖွဲ့စည်းခဲ့သည့် အမျိုးသမီးတပ်ခွဲသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ တပ်ရင်းများအနက် ပထမဆုံး ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အမျိုးသားများနှင့် တန်းတူ စစ်ကောင်စီတပ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမို မြင့်မားလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အမျိုးသမီး တပ်ဖွဲ့ဝင်များကို ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်း မရှိပဲ ပေးအပ်သည့် တာဝန်များကို အမျိုးသား တပ်ဖွဲ့ဝင်များနှင့်တန်းတူ ထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟုလည်း KNDF တပ်ရင်း (၅) က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats