လောပိတရေလျှံထိန်း လုံခြုံရေးရဲ ၈ ဦးနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိသည့် ရုပ်သံဖိုင်ကို KNDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောပိတရေလျှံထိန်း လုံခြုံရေးရဲ ၈ ဦးနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိသည့် ရုပ်သံဖိုင်ကို KNDF ထုတ်ပြန်


ကရင်နီ( ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ ၈ ဦးကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည့် ရုပ်သံမှတ်တမ်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်း(၁၀) က ယနေ့ မေလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

.

လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းအား ကရင်နီတပ်မတော် (KA)နှင့် KNDF တို့က ဧပြီလ ၂၉ ရက်တွင် အလစ်အငိုက်ရယူ၍ ဝင်ရောက် စီးနင်းပြီး‌နောက် သေနတ် ပစ်ဖောက်ရခြင်း မရှိဘဲ လုံခြုံရေးရဲများကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

.

"ပြည်သူတွေ ပေးတဲ့ ငွေတွေ ပြည်သူတွေ ကျွေးတဲ့ ထမင်းကို စားပြီး တော်လှန်ရေးသမားများ ရဲဘော်တွေ လိုချင်ကြတဲ့ တုတ်ချောင်းလေးတော့ တပ်ရင်း(၁၀)ရဲ့ ဗျုဟာ ကျကျလေးနဲ့ ကျည်တစ်ထောင့်မှ အကုန် မခံဘဲ သိမ်းနိုင်ခဲ့ပြီ ဆက်လက်ပြီးတော့ ပါဝင်ကြပါဗျ ဒီတော်လှန်ရေးအတွက် အင်အားဖြည့်ပေးကြပါ"ဟု KNDF တပ်ရင်း(၁၀) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ လုံခြုံရေးရဲ ၈ ဦးကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားပြီး အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန (KSP) သို့ လွှဲအပ်ထားကြောင်း သိရသည်။

Journal Download

Photo of three cats