တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် တွေ့ဆုံမည့် ဆွေးနွေးပွဲသို့ KIO တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
.
ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏ အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ အခင်းအကျင်း ရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO ) က ယနေ့ မေလ ၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ထားပြီး တက်ရောက်မည့် အဖွဲ့များအနေဖြင့် မေလ ၉ ရက် နောက်ဆုံးထားပြီး စာရင်းပေးကြရန် ပြောဆိုထားသည်။
.
အဆိုပါ ဖိတ်ခေါ်မှုတွင် NUG ၊ PDF ကို ထည့်သွင်းထားခြင်း မရှိဘဲ ယင်းကဲ့သို့ ချန်လှပ်ထားမှုမှာ ဆွေးနွေးပွဲတွင် ကောင်းမွန်သည့် ရလဒ် မထွက်ပေါ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများ၏ သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။