ဖယ်ခုံ ဆီးမီးလော့တိုက်ပွဲ တွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး၍ IPDF မှ ၁ ဦး ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံ ဆီးမီးလော့တိုက်ပွဲ တွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး၍ IPDF မှ ၁ ဦး ဒဏ်ရာ ရ

ဖယ်ခုံမြို့နယ်၊ ဆီးမီးလော့ရွာ အနီးရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်က ၂ ရက်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံး၍ Inle People Defense Force (IPDF)မှ ၁ ဦး လက်မောင်း လက်နက်ကြီးစ မှန်၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ် (၄၄၂)တပ်ရင်း၏ ရှေ့တန်းတပ်စခန်းကို မေလ ၁၉ ရက်၊ နံနက်ပိုင်းက စတင်၍ Inle People Defense Force(IPDF)၊ Pekhon PDF တပ်ရင်း ၂ ၊ KNDF နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀ မမ၊ ၁၂၀ မမ တို့ကို အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်ကလည်း ၆၀ မမ များဖြင့်ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း IPDF က ယနေ့ မေလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ မေလ ၂၀ ရက်တွင် ထပ်မံ ဖြစ်ပွားသည့် တိုက်ပွဲ၌ ဒေသကာကွယ်ရေး ပူးပေါင်းတပ်မှ အထိအခိုက် မရှိဘဲ စစ်ကောင်စီဘက်က ဒဏ်ရာရသူ ၂/၃ ဦး ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တိုက်ပွဲမှာ ပြင်းထန်ဆဲ အခြေအနေ ဖြစ်သောကြောင့် ပြည်သူများ ဘေးကင်းသော နေရာသို့  ရွှေ့ပြောင်းနေထိုင်ကြရန် ကိုလည်း Inle People Defense Force (IPDF) က သတိပေးချက် ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats