ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း၌ တိုက်ပွဲများနေ့စဉ် ရက်ဆက် ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအန္တရာယ် ကင်းစေရန် လဟယ်-ထီရိ-ဆောင်းနန်းခဲ-လွယ်ပေါ-နန်းပေါလုံရွာ တစ်လျှောက်လမ်းသို့ ဖြတ်သန်း သွားလာခြင်း မပြုရန် Inle PDF က မေလ ၂၄ ရက်တွင် သတိပေးထားသည်။
.
အဆိုပါ လမ်းတစ်လျှောက်ရှိ ရွာများမှ ဒေသခံပြည်သူများသည် တိုက်ပွဲ စ ဖြစ်သည့် မေလ ၁၃ ရက်မှစ၍ အိုးအိမ်စည်းစိမ်များကို စွန့်ပစ်ကာ ထွက်ပြေးေနကြရကာ စစ်ကောင်စီတပ်များက ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများနှင့် ဆိုင်ကယ်များကို ခိုးယူ သယ်ဆောင်နေခြင်းကို တွေ့ရှိခဲ့ရသည်ဟု Inle PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာများ အနီးရှိတောင်ပေါ်၌ စခန်းချကာ လက်နက်ကြီးများ အသုံးပြု၍ နေ့စဉ်ရက်ဆက် ပစ်ခတ်နေခြင်းကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်း တစ်လျှောက်မှ ပြည်သူများ လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် လက်ရှိတွင် တိုက်ပွဲမှာ ပြင်းထန်နေဆဲ အခြေအနေ ဖြစ်၍ ဒေသခံ ရွာသူရွာသားများ အားလုံး ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။