တောင်ကြီးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ CDM ဝန်ထမ်းများအား ဖမ်းမည်ဟု သတင်းထွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ CDM ဝန်ထမ်းများအား ဖမ်းမည်ဟု သတင်းထွက်နေ

တောင်ကြီးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် တို့မှ CDM ပြုလုပ်ထားသည့် ဝန်ထမ်းများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဖမ်းဆီးမည်ဟု သတင်း ထွက်နေလျက် ရှိသည်။
.
" တက္ကသိုလ်ထဲက ရာထူး အကြီးပိုင်း ဆရာ/မ ၁၁ ယောက် ဖမ်းဖို့ နာမည် ထွက်နေတယ်။ နာမည်တော့ အတိအကျ မသိရဘူး။ ရာထူး အကြီးပိုင်းလို့ ပြောနေကြပေမဲ့ အငယ်ပိုင်းတွေလည်း ဖြစ်နိုင်တာပဲ။အခြေခံပညာ ဘက်ကဝောာ့ ဘာမှ မကြားသေးဘူး။ " ဟု အမည် မဖော်လိုသူ ဝန်ထမ်း တစ်ဦးက ပြောသည်။
.
CDM ဆရာ/ဆရာမများ အနေဖြင့် ယခု ရက်ပိုင်းအတွင်း သတိထား၍ နေရန် လိုအပ်ပြီး မြို့ပေါ်တွင် နေသည် ဆိုပါက တိမ်းရှောင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းကလည်း CDM ကျန်းမာရေး ဝန်ထမ်းများအား ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် CDM ဆရာဝန် ၃ ‌ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

Journal Download

Photo of three cats