တောင်ကြီး၌ CDM ဆရာဝန် ၃ ဦး ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ CDM ဆရာဝန် ၃ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်၏မြို့တော်၊ တောင်ကြီးမြို့၌ CDM ဆရာဝန် ၃ ဦးကို မေလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့‌ကြောင်း သိရသည်။
.
" အဖမ်းခံရတာက ၃ ယောက်၊ အဲဒီထဲက ၂ ယောက်က လင်မယားတွေ သူတို့အိမ်မှာ အဖမ်းခံရတာ။ နောက်တစ်ယောက်ကိုတော့ သူ အလုပ် လုပ်တဲ့ ပုဂ္ဂလိက ဆေးရုံမှာ ဖမ်းသွားဝာာ။ " ဟု အမည် မဖော်လိုသူ မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ အမျိုးသားဆရာဝန် ၁ ဦးနှင့် အမျိုးသမီးဆရာဝန် ၂ ဦး ဖြစ်ပြီး ၎င်းတို့သည် စဝ်စံထွန်းဆေးရုံ၊ မိခင်နှင့်ကလေးဆေးရုံ၊ သံဃာ့ဆေးရုံ (အတည် မပြုနိုင်သေး) တို့မှ CDM ပြုလုပ်ထားသူများဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ရက်ပိုင်းက CDM ကျန်းမာရေးဝန်ထမ်းများ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများ၌ အလုပ် လုပ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ယခုတွင် CDM ဆရာဝန်များ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
.
ထို့အတူ CDM ပညာရေးဝန်ထမ်းများကိုလည်း ပုဂ္ဂလိကကျောင်းများ၌ အလုပ် လုပ်ဆောင်ခြင်း ရှိ/မရှိ ယခု ရက်ပိုင်းအတွင်း စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်နေလျက် ရှိသည်။
.
ကျောင်း ဖွင့်ချိန် နီးကပ်လာသည့်အတွက် CDM များအား တစ်ကျော့ပြန် နှိပ်ကွပ်ရန် စစ်ကောင်စီက စီစဉ်လာခြင်း ဖြစ်နိုင်သဖြင့် သက်ဆိုင်သူများ အနေဖြင့် ကြိုတင် တိမ်းရှောင်ခြင်း၊ သတိဖြင့် နေထိုင်သွားလာခြင်းများ ပြုလုပ်သင့်သည်ဟု CDM ဝန်ထမ်း တစ်ဦးက သုံးသပ် အကြံပြုထားသည်။

Journal Download

Photo of three cats