စစ်အင်ဂျင်နီယာကျောင်းဆင်း အရာရှိ တစ်ဦး CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အင်ဂျင်နီယာကျောင်းဆင်း အရာရှိ တစ်ဦး CDM ပြုလုပ်


စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ လက်ရုံးတပ် တစ်ခုမှ စစ်အင်ဂျင်နီယာကျောင်း (DSTA) ဆင်း အရာရှိ တစ်ဦး CDM ပြုလုပ်လာကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့ မေလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

.

အဆိုပါ အရာရှိသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် CDM ပြုလုပ်ခဲ့သူ ဖြစ်ကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်၍ လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ 

.

"ပြည်သူက ကျွေးသော ထမင်းကို စား၊ ပညာတွေသင်ပြီး အဓိက တာဝန်ဖြစ်တဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့် အစား ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်နေတာတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြည်သူ ပေးတဲ့ လက်နက်ကိုင်ပြီး ဖျက်ဆီးနေသော ကိုယ်ကျိုးရှာအာဏာရှင်တွေရဲ့ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် CDM ပြုလုပ်ခဲ့ပါတယ်။ ယခုလက်ရှိ ရောက်ရှိနေတဲ့ လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးအဖွဲ့များနှင့်အတူ  လက်တွဲဆောင်ရွက်နေပါတယ်။ ပြည်သူနှင့် လက်တွဲပြီး ဒီစစ်အာဏာရှင်တွေနှင့် အရိုးစွဲနေတဲ့ အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပြတ်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ် ”ဟု CDM အရာရှိက ပြည်သူ့ပန်းတိုင်သို့ ပြောသည်။ 

.

ပြည်သူ့ပန်းတိုင်အဖွဲ့သည် ယခင် ပြည်သူ့စစ်သား - People’s Soldiers အဖွဲ့တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အခြေပြုအဖွဲ့အစည်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားခြင်း ဖြစ်ကာ ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ပြီး ရှေ့တန်းစစ်မျက်နှာ၊ နောက်တန်းအထိုင်တပ် စသည့် တာဝန်ကျရာနေရာ စုံမှ ပြည်သူ့ဘက် ရပ်တည်လိုသူ စစ်သည်များကို ပြည်သူလူထု၏ ကူညီမှုဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Journal Download

Photo of three cats