တာချီလိတ်မြို့ရှိ အဆွေတော် မီနီမတ်တွင် ဗုံး ၂ လုံး ပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့ရှိ အဆွေတော် မီနီမတ်တွင် ဗုံး ၂ လုံး ပေါက်ကွဲ


မြန်မာ-ထိုင်း နယ်စပ်၊ တာချီလိတ်မြို့ရှိ အဆွေတော်မီနီမတ်ဆိုင်တွင် ယမန်နေ့ မေလ ၉ ရက်၊ ညပိုင်းက ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၃ ဦးမှာ ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

ပေါက်ကွဲမှုမှာ မီနီမတ် ဆိုင်အဝင်ထောင့် လက်ဆောင်ပစ္စည်းထုပ်သည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပထမဗုံး တစ်လုံး ပေါက်ကွဲမှုကြောင့် ဆိုင်ဝန်ထမ်း တစ်ဦး၏ နဖူးတွင် အနည်းငယ် ဒဏ်ရာ ရရှိပြီးနောက် ရဲများ လာရောက် စစ်ဆေးချိန်တွင် ဗုံး နောက်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ ဆိုင်ပိုင်ရှင်၏ ယောက်ဖ ဖြစ်သူနှင့် ယာဉ်မောင်းတို့ ၂ ဦး ထပ်မံ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats