ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲ ၁၀ ရက်အတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက် မနည်းသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲ ၁၀ ရက်အတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက် မနည်းသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး ကျဆုံး


ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဖယ်ခုံမြို့နယ်၊ အရှေ့ဘက်ခြမ်း၌ မေလ ၁၅ ရက်မှ စတင်၍ ဖြစ်ပွားသည့် ၁၀ ရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု KNDF တပ်ရင်း (၃) က ထုတ်ပြန်သည်။

.

KNDF တပ်ရင်း (၃)၊ တပ်ရင်း (၂)၊ တပ်ရင်း (၁၁)၊ ကရင်နီတပ်မတော် (KA)၊ SSRY (ရှမ်းတောင်) ၊ ဖယ်ခုံ PDF တပ်ရင်း (၂) တို့ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများအတွင်း KNDF မှ ၁ ဦး၊ ဖယ်ခုံ PDF တပ်ရင်း (၂) မှ ၂ ဦး ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ဆီးမီးလော့ရွာ တောင်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှ မေလ၂၄ ရက် နံနက် ၄ နာရီခွဲခန့်တွင် သွားရောက် ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသော်လည်း မြေမြှုပ်မိုင်း ထောင်ခဲ့ခြင်းကြောင့် ဖယ်ရှား ဖောက်ခွဲဖျက်ဆီးခဲ့ရသည်ဟု KNDF တပ်ရင်း (၃) က ထုတ်ပြန်သည်။

.

ထို့အပြင် အဆိုပါစခန်းကို ရှင်းလင်းနေစဉ် မစစ်ကောင်စီ၏ ခမရ (၄၂၂) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats