အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးရှိ တော်ဝင်ဧည့်ရိပ်သာ၌ ယနေ့ မေလ ၃၀ ရက်၊ နံနက် ၁၁ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုအား ဒေသခံပြည်သူများ၊ မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာခွဲတွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးငြိမ်းသတ်ရာ၌ ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု သိရသော်လည်း မီးလောင်ရသည့် အခြေအနေနှင့် ဆုံးရှုံးမှု အသေးစိတ် အခြေအနေကို မသိရသေးပေ။