သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၇၆ တွင် ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၇၆ တွင် ရှိနေ



ကမ္ဘာ့နိုင်ငံများ၏ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၆ နေရာတွင် ရှိနေကြောင်း သိရသည်။

.

ယနေ့ မတ်လ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့တွင် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့နိုင်ငံများ၏ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

.

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၄၀ တွင် ရပ်တည်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၇၆ သို့ ဆက်လက် ကျဆင်းခဲ့ခြင်း ဖြစ်ပြီး မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆယ်စုနှစ် တစ်စုခန့် နောက်ပြန်ဆုတ်သွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်း ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းအနက် သတင်းသမား ၅၀ ကျော်သည် အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။

.

ထို့အတူ သတင်းမီဒီယာ ၁၁ ခုသည် အာဏာသိမ်း စစ်ကောင်စီ၏ လိုင်စင် ပိတ်သိမ်းခြင်းကို ခံခဲ့ရပြီး သတင်းသမား ၃ ယောက်သည်လည်း စစ်မြေပြင်နှင့် စစ်ကြောရေးတွင် ကျဆုံးခဲ့ရသည်။


ရှမ်းပြည်နယ်တွင်မူ အမျိုးသမီးသတင်းသမား ၄ ဦး ထောင်ဒဏ် ချမှတ်ခံထားရပြီး သတင်းထောက်ဟောင်း ၅ ဦးထက် မနည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည့် အပြင် သတင်းသမား ၉ ဦး ဖမ်းဝရမ်း အထုတ်ခံထားရသည်။

Journal Download

Photo of three cats