COVID-19 ကပ်ရောဂါနှင့် အတူ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေများကြောင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသော်လည်း လုပ်အားခမှာမူ မြင့်တက်လာခြင်း မရှိ၍ အခြေခံလူတန်းစား အလုပ်သမားများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။
.
" အရင်တုန်းက ရတဲ့ နေ့စားခကလည်း အခု ရသလောက်ပဲ။ ခု ကုန်ဈေးနှုန်း
နှစ်ဆ၊ သုံးဆ တက်လာဝောာ့လည်း လုပ်အားခက ဒီလောက်ပဲ။ ဘယ်လိုမှ စားသောက်လို အဆင်ပြေ မနေဘူး။
ဒီကြားထဲ အလုပ်ကလည်း ရှားသေးတယ်၊ အလုပ် မရှိတဲ့ ရက်ဆိုရင် ရေသောက် ဗိုက် မှောက်ပဲ။
" ဟု တောင်ကြီးမြိုနေ အခြေခံလုပ်သား တစ်ဦးက ပြောသည်။
.
မြို့တော် တောင်ကြီး၌ အခြေခံလုပ်အား အနေဖြင့် တစ်နေ့လျှင် နေ့စားခ ပျဉ်းမျှ
၅၀၀၀ ကျပ်သာ ရရှိပြီး ပန်းရံ လုပ်ဆောင်သူ သံလက်ကိုင်လျှင်ပင် ၁၂၀၀၀ ကျပ်သာ ရရှိပြီး
အလုပ်အကိုင်နှင့် အလုပ်ရှင်ပေါ် မူတည်၍ ရရှိငွေမှာလည်း ကွာဟကြောင်း ၎င်းက ဆိုသည်။
.
ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ ယခင် ၂၀၂၁
ခုနှစ် အစောပိုင်း ကာလထက် နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်ပြီး ပန်းရံ၊ လက်သမားမှ အစ
ကုန်တင်/ချ လုပ်ဆောင်သူထိ အခြေခံ လုပ်သားများ၏ လုပ်အားခမှာ မူလအတိုင်းသာ ရှိနေ၍ ဝင်ငွေ၊
ထွက်ငွေ မျှတခြင်း မရှိဘဲ မိသားစု စားဝတ်နေရေးကိုပင် ဖြေရှင်းရန် အခက်တွေ့နေရခြင်း
ဖြစ်သည်ဟု သိရသည်။