ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် တော်လှန်လူငယ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် တော်လှန်လူငယ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်




ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၌ ယနေ့ မေလ ၁၅ ရက်တွင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂ ဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားသမဂ္ဂ ၊ မြောက်ဥက္ကလာရှိ တော်လှန်လူငယ်များမှ ဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ ၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ ၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ ၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်းကာ " ဖိနှိပ်မှုနှောင်ကြိုးမှ ရုန်းထွက်မည်၊ ခေတ်ပြောင်းတော်လှန်ရေး အဆုံးသတ်ဆီ" နှင့် ​"မြောက်ဥက္ကလာ ပြန်လာပြီ" စာတန်းတို့အား ကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats