ရုပ်ရှင် မကြည့်ဖူးတဲ့ စစ်ကောင်စီပြန်ဝန် သိစေဖို့ (ဆောင်းပါး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရုပ်ရှင် မကြည့်ဖူးတဲ့ စစ်ကောင်စီပြန်ဝန် သိစေဖို့ (ဆောင်းပါး)


ရုပ်ရှင်လောက ပြန်လည် ရှင်သန်နိုးထလာမည်ကို မနာလိုသူတွေက နှောက်ယှက်နေတယ်လို့ အာဏာသိမ်း စစ်‌ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးက အစည်းအဝေး တစ်ခုမှာ ပြောတယ်။ သူ့ဘာသူ ပြန်ဖွင့်တဲ့ ရုပ်ရှင်ရုံတွေကို ဘယ်သူကမှ နှောက်ယှက်နေတာ မရှိဘူး။ ဒီရုံမှာ တင်တဲ့ ဒီဇာတ်ကားကို ဘယ်သူကမှ သွားမကြည့်ပါနဲ့ ထိထိရောက်ရောက်ကြီးတားမြစ် ထားတာလည်း မရှိ။ ရုပ်ရှင်ကြည့်တယ်ဆိုတာ စိတ်လက်ကြည်သာမှ ကြည့်ချင်တတ်ကြတာ။ လက်ထဲမှာ ငွေပိုငွေလျှံ ရှိမှ သွားလို့ရတဲ့ နေရာ။ အခုလိုချိန်ခါမှာ ဘယ်သူတွေကများ စိတ်လက်ကြည်သာနေလို့ ရုပ်ရှင်ရုံကို ပျော်ပျော်ကြီး သွားနိုင်ကြမှာတုန်း။ မငတ်ရုံတမယ် ရှာစားနေရတဲ့ အခြေအနေမျိုးမှာ ဘယ်မိသားစုကများ ရုပ်ရှင်ရုံထဲ ဝင်နိုင်မှာတဲ့တုန်း။

.

နဂိုတည်းက မြန်မာပြည်သူတွေဟာ ဆင်းရဲတွင်းထဲခပ်နက်နက်ကျတဲ့ အနေအထား။ (ခေတ်အဆက်ဆက် အဘတွေ ကောင်းမှုလို့ ဆိုရမှာပေါ့)။တစ်ပူပေါ် နှစ်ပူပေါ်ဆင့် ဆိုသလို ကိုဗစ်က အစပြုပြီး အာဏာသိမ်းမှုကြောင့် ထပ်ဆင့် အရိုက်ခံလိုက်ရတဲ့ စီးပွားရေး အခြေအနေက အမွဲတကာ့ ထိပ်ခေါင်ကို ဖြစ်ရော။ တစ်ရက်တစ်ရက် ရှာဖွေလို့ရတဲ့ငွေကြေးက မနက် ညစာ ခေါင်းမီးတောက် နေကြရတာ။ ရုပ်ရှင်ရုံဆိုတာ ဒီအတိုင်း အလကားမတ်တင်း သွားထိုင်လို့ရတဲ့ နေရာ မဟုတ်ဘူး။ မိသားတစ်စုသွားရင် အနည်းဆုံး မြန်မာငွေ ၁၀၀၀၀ ပတ်လည်မှလူလိုသူလို ကြည့်လို့ရတဲ့ နေရာ။ ထမင်းစားဖို့တောင်အနိုင်နိုင် ရုန်းကန်နေကြရတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်နိုင်ဖို့ဆိုတာ ဝေးပါသေးတယ်။

အာဏာ မသိမ်းမီ နှစ်အနည်းငယ်အတွင်းလောက်သာ ရုပ်ရှင်ဆိုတာ နည်းနည်း ခေါင်းထောင်လာတာ။ ကြားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်တတ်ရင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ခေါင်းစဉ် တပ်ရင်း ကျဆင်းသွားတာ အားလုံးအသိ။

ရုပ်ရှင်လောက ပြန်လည်ရှင်သန် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာလည်း နည်းနည်းတော့ သံချောင်းခေါက် ကြည့်ဦးမယ်။ အမှန်တော့ ရုပ်ရှင်လောကသားတွေကိုယ်တိုင် ဖျက်ဆီးလို့ ရုပ်ရှင်လောက ပျက်စီးသွားတာ နှစ်တောင် အတော်ကြာခဲ့ပေါ့။ အာဏာ မသိမ်းမီ နှစ်အနည်းငယ်အတွင်းလောက်သာ ရုပ်ရှင်ဆိုတာ နည်းနည်း ခေါင်းထောင်လာတာ။ ကြားထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်တတ်ရင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ခေါင်းစဉ် တပ်ရင်း ကျဆင်းသွားတာ အားလုံးအသိ။ အခုမှ ထပြီး ရှင်သန် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါမယ်ဆိုတာတော့ ဖွတ်သေကို အသက်သွင်းသလို ဘယ်နေရာမှ အရာထင်လာမှာ မဟုတ်ဘူး။အောက်ခြေ အသိုင်းအဝိုင်းကို ပြန် မကြည့်တတ်တဲ့ရုပ်ရှင်လောက စစ်အာဏာရှင် လက်အောက်မှာ နိမ့်ပါးသွားတာ သိပ်တော့ မဆန်းလှဘူး။

.

" ကျွန်တော်တို့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ပြီး စ ပြတော့ လူမင်း ပါတဲ့ မဝေးချင်ဘူး ဇာတ်ကား ပြတယ်။ကြော်ငြာပြီး ၃ ရက်လောက် ပြတယ်။ အဲဒီမှာ တစ်ပွဲပဲ ပြရတယ်။ လာကြည့်တဲ့ လူ၃ ယောက်ပဲ ရှိတယ်။ အဲဒါပြီးတော့ နောက်ထပ် ပြေတီဦးပါ တဲ့ လိပ်ပြာထောင်ချောက် ပြတယ်။ ၃ ရက် ပြတာ ပရိတ်သတ် မလာဘူး။ နောက် ပိုင်တံခွန် ပါတဲ့ မှောင်တိုက် ဇာတ်ကား ဆက်ပြတယ်။ အဲကာလည်း လူ မရှိဘူး။ ဒီပုံစံအတိုင်းသာ ဆက်သွားရင် ဝန်ထမ်းစရိတ် တောင် မရတဲ့အတွက် ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူး။ လူ ၃ ယောက် လာကြည့်တဲ့နေ့က မီးပျက်သွားတော့ မီးစက်နှိုးပြီး ပြရတဲ့အတွက် ဆီဖိုးတောင် ရှုံးသေးတယ်" လို့ ရုပ်ရှင်နဲ့ နီးစပ်သူ တစ်ယောက်က ဆိုပါတယ်။

.

လက်ရှိ ကာလမတိုင်ခင် ရုပ်ရှင်ရုံတွေမှာ ကြည့်သူအများစုက လူငယ်လူရွယ်လေးတွေ။ ကျောင်းသားကျောင်းသူလေးတွေ သွား ကြည့်တတ်ကြတယ်။အာဏာသိမ်းပ စစ်တပ်က ဖမ်းပြ၊ သတ်ပြပြီးတဲ့ နောက်ပိုင်း ဘယ်လူငယ်လူရွယ်မှ ရုပ်ရှင်ရုံထဲ ဝင်ပြီး အချိန် မဖြုန်းတော့ဘူး။ သူတို့တွေရဲ့ ရင်ဘတ်က ရုပ်ရှင် ထိုင်ကြည့်နေရလောက်အောင် မိုက်မဲခြင်း မရှိကြတော့ဘူး။ သူတို့တွေရဲ့ တောက်ပလာမယ့်အနာဂတ်အတွက် ဒီမိုကရေစီပန်းတိုင်ကိုပဲ တစ်စိုက်မတ်မတ် လျှောက်လှမ်းနေကြတော့တယ်။ တချို့လည်း ရလာတဲ့ စိတ်ဒဏ်ရာတွေ၊ ဘဝ ဒဏ်ရုတွေကို ကုစားကြပေါ့။ အခုခေတ်က လူငယ်လူရွယ်လေးတွေကြည့်မှ ရုပ်ရှင်ရုံလို့ ခေါင်းစဉ်တပ်လို့ ရတာ။ မဖြစ်နိုင်မှန်း သိပေမယ့် အမိန့်အာဏာ အောက်မှာ ရုံဖွင့်ပြနေရတဲ့ ပိုင်ရှင်တွေကို သနားဖို့တော့ အကောင်းသား။


အရင်တုန်းကတော့ ကျောင်းပိတ်ရက်ဆိုရင် ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီး ဇာတ်ကား ရုံတင်တာနဲ့သူငယ်ချင်းတွေ စုပြီး သွား ကြည့်ဖြစ်သေးတယ်။ အခုကတော့ ဘာဇာတ်ကား ရုံတင်တင် သွားမကြည့်တော့ဘူး။ ကိုယ်နဲ့ ရွယ်တူတွေက အဆင်းရဲခံ အငတ်ခံပြီး တော်လှန်ရေး လုပ်နေတဲ့အချိန်မှာ ကိုယ်တွေက ရုပ်ရှင်ရုံထဲ သွားပြီး ပျော်မနေသင့်ဘူး ထင်တယ်လေ။ သူငယ်ချင်းအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ငြိမ်းငြိမ်းချမ်းချမ်း ကြည့်လို့ရတဲ့ တစ်နေ့မှာတော့ရုပ်ရှင် ပြန် ကြည့်ဖြစ်မယ် ထင်တာပေါ့။ သွားကြည့်နေတဲ့ လူတချို့တော့ရှိတယ်လို့ ကြားရတယ်။ ကျွန်မတို့ကတော့ ရုပ်ရှင်ရုံဘက် ခြေဦးလှည့် ဖြစ်မှာ မဟုတ်သေးဘူး" လို့  အမျိုးသမီးငယ် တစ်ယောက်က သူ့ခံယူချက်ကို ပြောပြတယ်။

ရုပ်ရှင်ဆိုတာ ဘယ်လိုလူ မျိုးတွေ အများဆုံး ကြည့်တဲ့ နေရာဆိုလည်း သိပုံမပေါ်ပါဘူး။ နေရာရလို့ အဲဒီနေရာကို တက်လုပ်တယ်ဆိုတဲ့ အဆင်မျိုးလောက်ပါ။

လက်ရှိ စစ်ကောင်စီပြန်ဝန်ရဲ့အနေအထားက ရုပ်ရှင်ရုံထဲ ကိုယ်တိုင်ကိုယ်ကျ ဇာတ်ကား တစ်ခု ပြီးအောင်ကြည့်ဖူးပုံ မပေါ်ပါဘူး။ ရုပ်ရှင်ဆိုတာ ဘယ်လိုလူ မျိုးတွေ အများဆုံး ကြည့်တဲ့ နေရာဆိုလည်း သိပုံမပေါ်ပါဘူး။ နေရာရလို့ အဲဒီနေရာကို တက်လုပ်တယ်ဆိုတဲ့ အဆင်မျိုးလောက်ပါ။ လတ်တလောမှာတော့ ပြည်သူအများစုက ငွေကုန်ကြေးကျ ခံပြီး ရုပ်ရှင်ကြည့်ဖို့ နေနေသာသာ ရုံဖွင့်ပြီး အလကားပြရင်တောင် အားအားယားယား ဘယ်သူမှ ကြည့်ကြမှာမဟုတ်ပါဘူး။ ရုပ်ရှင်ကို ဘယ်လိုလူမျိုးတွေ ကြည့်တယ်ဆိုတာ မသိတဲ့ ပြန်ဝန်နဲ့ ရုပ်ရှင်အကြောင်း နားမလည်တဲ့ လေးပေကိုးလက်မအသင်းသားတွေ အနေနဲ့ ကိုယ့်အသင်းနဲ့ ကိုယ်သွားရောက် အားပေးကြဖို့သာ နှိုးဆော်လိုက်ရပါကြောင်း။ ။

Journal Download

Photo of three cats