ပင်းတယမြို့ပြ ပြောက်ကျားတပ်စု Urban Task Force-PINDAYA ကို ပင်းတယမြို့နယ် အတွင်းရှိ ပြည်သူလူထုအား စစ်အာဏာရှင်ရန်မှ ကာကွယ်ပေးနိုင်ရန်အတွက် စတင် ဖွဲ့စည်းလိုက်ကြောင်း ယနေ့ မေလ ၄ ရက်တွင် ကြေညာထားသည်။
.
၎င်းတပ်ဖွဲ့ အနေဖြင့် NUG က ချမှတ်ထားသော မူဝါဒများနှင့်အညီ စစ်ကောင်စီကို တော်လှန်သွားမည် ဖြစ်ပြီး စစ်အာဏာရှင်စနစ် ပျောက်ကွယ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်သည်ထိ ပြည်သူဘက်မှ မားမားမတ်မတ် ရပ်တည်မည်ဟု သစ္စာအဓိဌာန် ပြုကြောင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ပင်းတယမြို့ပေါ်ရှိ ဌာနဆိုင်ရာ အဆောက်အဦများကို အသိပေး ဖောက်ခွဲရေးလုပ်ငန်းများ ပြုလုပ်မည် ဖြစ်၍ ပြည်သူများ အနေဖြင့် ဌာနဆိုင်ရာ ပတ်ဝန်းကျင် အနီးနားများ၌ သွားလာ လှုပ်ရှား နေထိုင်ခြင်းများ မပြုလုပ်ရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။