အင်းလေး မြေအောက်တော်လှန်ရေးအဖွဲ့ကို ယနေ့ မေလ ၉ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်းနှင့် စစ်ကောင်စီ ဒလန် ၂ ဦးကို သုတ်သင်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။
.
အဖွဲ့ စတင် ဖွဲ့စည်းသည့်နေ့တွင် ညောင်ရွှေမြို့နယ်၊ ကလေးငယ်ကျေးရွာရှိ စစ်ကောင်စီ ဒလန် ပြည်သူ့စစ်အမာခံ ရဲမြင့် နှင့် ကျော်စွာ တို့အား သုတ်သင်ရှင်းလင်းပြီး ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။
.
အကြောင်း အမျိုးမျိုးကြောင့် အင်းလေး မြေအောက်တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိဘဲ မြေအောက် တော်လှန်ရေး လှုပ်ရှားမှု ဆောင်ရွက်ရန်အတွက် ယခုမှ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
Updated - Assassin For Justice - AFJ ပြောက်ကျားအဖွဲ့က အဆိုပါ ဒလန် ၂ ဦးကို ပစ်သတ်ခဲ့သည်ဟု ရုပ်သံမှတ်တမ်း (http://bit.ly/3KX3uxG) နှင့်အတူ ထုတ်ပြန်ထားသည့်အပြင် အခြားအဖွဲ့များမှ လုပ်ဆောင်သည့် သတင်းအမှားများ ပြန့်နှံ့နေသည်ဟု အသိပေးထားသည်။