ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများကို သျှမ်းပြည်သံဃာနှင့်ပြည်သူ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက စားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများကို သျှမ်းပြည်သံဃာနှင့်ပြည်သူ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက စားသောက်ကုန်များ လှူဒါန်း

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးသင့်ပြည်သူများကို သျှမ်းပြည်သံဃာနှင့်ပြည်သူ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက မေလ ၁၈ ရက်တွင် စားသောက်ကုန်များ သွားရောက် ကူညီလှူဒါန်းခဲ့ကြောာင်း သိရသည်။
.
လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တို့မှ ဆီဆိုင်မြို့နယ်သို့ လာရောက်၍ စစ်ဘေးရှောင်နေသည့် ပြည်သူ ၈၀၀ ဦးကျော်ကို သျှမ်းပြည်သံဃာနှင့် ပြည်သူ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက ကူညီလှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် စုစုပေါင်း တန်ဖိုးငွေ ၂၁၉၀၀၀၀ ကျပ်ရှိ ဆန်၊ ဆီ၊ ဆား ၊ ဟင်းခတ် အမွှေးအကြိုင်၊ ကြက်ဥ နှင့် ကုန်စိမ်းစားသောက်ကုန်များကို ထောက်ပံ့ ကူညီလှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats