စစ်ကောင်စီတပ်အား ခုခံစဉ် ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စခန်းမှူး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်အား ခုခံစဉ် ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စခန်းမှူး ကျဆုံး


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဆောင်နန်းခဲရွာဖက်မှ ယနေ့ မေလ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်စဥ် ရှမ်းတောင် ၁၀၀၈ တပ်ရင်း၏ စခန်းမှူးချစ်ကောင်း ကျဆုံးခဲ့ကြောင်း ၎င်းတပ်ရင်းက ထုတ်ပြန်သည်။

.

ယနေ့ နံနက် ၈ နာရီဝန်းကျင်မှ စတင်၍ တိုက်ပွဲပြင်းထန်‌နေခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် ဆက်တိုက် ထိုးစစ်ဆင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ပွဲဖြစ်စဉ် အခြေအနေကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး ကျဆုံးသူ ရဲဘော် ချစ်ကောင်း (CDMer) အား အာဇာနည်သူရဲကောင်း အဖြစ် အလေးနီ ပြုကြောင်းကိုလည်း ‌ဖော်ပြထားသည်။


ရှမ်းတောင်အခြေစိုက် SSRY Eagel Force၊ Dragon Force၊ Tai PDF Cobra Force၊ Dove Guerrilla Force၊ Southern Shan Irine Force တို့ ပူးပေါင်းထားသည့် ရှမ်းတောင်တော်‌လှန်ရေးလူငယ်များအဖွဲ့ (SSRY) တပ်ရင်းကို NUG၊  ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသ ၃ ၏ တပ်ရင်း ၁၀၀၈  အဖြစ် ယမန်နေ့က ဖွဲ့စည်းခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats