ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ လမ်းခွဲတစ်ဝိုက်၌ ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်၏ စနိုက်ဘာ ပစ်ချက်ကြောင့် စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
.
လွိုင်ကော် PDF တပ်ခွဲ (၅) ၊ KA နှင့် KNDF တပ်ရင်း (၂) ၏ ပူးပေါင်း စနိုက်ဘာတပ်ဖွဲ့သည် ပြောက်ကျား စနိုက်ဘာ ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့သည်ဟု PDF Loikaw က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ လမ်းခွဲတစ်ဝိုက်တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများ အထူး သတိပြုကာ ရှောင်ရှားသွားလာကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။