တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကြားကာလဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကြားကာလဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်မည်


တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကြားကလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရွေးကောက်ပွဲအား Facebook လူမှုကွန်ရက်စာမျက်နှာကို အသုံးပြု၍ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ပြန်လည် ဖွဲ့စည်းခဲ့သော်လည်း ပါဝင်ခဲ့သည့် ရဲဘော်များ၏ လုံခြုံရေးနှင့် အခြား တော်လှန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေခြင်းများကြောင့် သမဂ္ဂတွင် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် သမဂ္ဂတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အနည်းငယ်ဖြင့်သာ လည်ပတ်ဆောင်ရွက်နေလျက်ရှိကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

.

ယင်းကဲ့သို့ လူအင်အား နည်းပါးခြင်းကြောင့် ကြားကာလ ပညာသင်ကြားရေးအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု နှောင့်နှေးခြင်း၊ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များတွင် လစ်လပ်မှု ရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရသည့်အတွက် ကျောင်းသားများ၏ အသံနှင့် ဆန္ဒမဲများထက် ကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှု ကို လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အတူ ကျောင်းသား/သူများအနေဖြင့် မကြာမီ ကျင်းပ ပြုလုပ်မည့် ကြားကလဗဟိုအလုပ်အမှုဆောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် တော်လှန်ရေးတွင်ပါဝင်ကြရန် တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းနှိုးဆော်ထားသည်။

Journal Download

Photo of three cats