ကဗျာဆရာခက်သီ ကျဆုံးခြင်း တစ်နှစ်ပြည့် အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ပုလဲလူထုသပိတ်ကို ယနေ့ဘ မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
မုံရွာ၊ ပုလဲ လူထုသပိတ်တိုက်ပွဲ ကော်မတီဝင်များက လူထုသပိတ်တိုက်ပွဲ လှုပ်ရှားမှုများ၏ အရေးပါပုံ၊ ဖက်ဒရယ်အခမ်းကဏ္ဍပါ မှုဝါဒတွေအပြင် နိုင်ငံတော်ကို ဆက်လက် တည်ဆောက်သွားမည့် အကြောင်းများကို ဟောပြောခဲ့ကြသည့် အပြင် ကဗျာဆရာ ခက်သီ၏ တော်လှန်ရေး လုပ်ဆောင်ချက်များကို ပြောကြားခြင်း၊ အမှတ်တရကဗျာများ ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ကဗျာဆရာ ခက်သီ သည် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် မေလ ၉ ရက်တွင် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။