ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ၊ စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ၊ စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက်ဖမ်းဆီး

ဗကသများအဖွဲ့ချုပ်၊ အဖွဲ့ဝင် မြို့နယ်သမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများမှ အဖွဲ့ဝင် ကျောင်းသားလူငယ်များသည် ယနေ့ မေလ ၃၀ ရက်တွင် ရန်ကုန်မြို့၌  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ရာ စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်တိုက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

" ခွေးပါးစပ်ထဲက တိုင်းပြည်ကို ရအောင် ပြန်ယူမယ်'' စာတန်းကို ​ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး  ဆန္ဒပြမှု အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် ဝင်တိုက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ယင်းကဲ့သို့ အကြမ်းဖက် ဖမ်းဆီးမှုကြောင့် လူငယ်အချို့ ဒဏ်ရာ ရရှိ၍ ဖမ်းဆီးခံရကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေကို မသိရသေးပေ။

Journal Download

Photo of three cats