ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၁၀၀၀ ကျော်တို့သည် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေလျှက်ရှိကြောင်း သိရသည်။
.
အဆိုပါ စစ်ဘေးရှောင်များမှာ ကရင်နီ (ကယား) ပြည်နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်လာရသူများ ဖြစ်ပြီး စားနပ်ရိက္ခာအပြင် ဆေးဝါး အကူအညီများပါ လိုအပ်နေကြောင်း သိရသည်။
.
စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့များက အသစ် ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများအား လက်ခံခြင်း မပြုရန် တားမြစ်ထားကြောင်းလည်း စစ်ရှောင်များအား ကူညီနေသူ တစ်ဦးက ပြောသည်။
.
" ဆီဆိုင်မြို့နယ်မှာ PNO နဲ့ ထွေအုပ်တွေက ကရင်နီ စစ်ရှောင်တွေကို လက်မခံခိုင်းဘူး။ အသစ်လာတဲ့ စစ်ရှောင် ၁၀၀၀ ကျော်ကို နမ့်တဘက် အုပ်စုဘက်မှာ ဒေသခံတွေက လက်ခံထားတာ။ အခု မကျွေးနိုင်ဘဲ ဒုက္ခ ရောက်နေတာ။ " ဟု ဆိုသည်။
.
အဆိုပါ စစ်ဘေးရှောင်များ အပါအဝင် ပြည်တွင်းပြည်ပမှ အရေးပေါ် လိုအပ်နေသည့် စစ်ဘေးရှောင်များအတွက် လှူဒါန်းလိုပါက ဖုန်းနံပါတ် 09786155998 သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။