ဖမ်းဆီး စစ်ဆေးမှုများ ရှိနေသော်လည်း Yangon Revolution Force - YRF (Soft Strike Community ) ၊ အခြေခံကျောင်းသားများရေးရာအဖွဲ့ ( အ.က.ရ) နဲ့ Revolution Force - RF အဖွဲ့ဝင် လူငယ်များ ပူပေါင်း၍ ယနေ့ မေလ ၁ ရက်တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
" တပ်ပျက်နေပြီဟေ့ " ၊ " Biden , The More You Delay The More We Suffer Sanction Gas Revenues Now ! " နှင့် " စစ်အုပ်စုတွေ အမြစ်ပြတ်ဖို့ ရန်ပုံငွေတွေ ဖြတ်တောက်စို့ " စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။