ကာလိမြို့ (လွယ်တိုင်းလိဒေသ) ၌ ဖွင့်လှစ်ထားသည့် သျှမ်းကွန်မြူနတီကောလိပ် (Shan community college)၏ ပထမအကြိမ် ဘွဲနှင်းသဘင် အခမ်းအနားကို ယနေ့ မေလ ၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကောလိပ်တွင် နိုင်ငံရေးသိပ္ပံ၊ လူမှုသိပ္ပံ၊ စီးပွားရေး ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေ စသည့် ဘာသာရပ်များကို သင်ကြားပေးနေသည့် အပြင် နိုင်ငံတကာစာမေးပွဲများ ဖြစ်သည့် TOEFL ၊ SAT နှင့် IELTS စာမေးပွဲများအတွက်လည်း သင်တန်းများ ဖွင့်လှစ်ထားသည်ဟု သိရသည်။