ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှ အောင်ဇော်ထွန်း (ခ) နောင်ခမ်း မိုင်း မတော်တဆ ဖြစ်၍ ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှ အောင်ဇော်ထွန်း (ခ) နောင်ခမ်း မိုင်း မတော်တဆ ဖြစ်၍ ကျဆုံး

ရှမ်းတောင် (၁၀၀၈) တပ်ရင်းမှ အောင်ဇော်ထွန်း (ခ) နောင်ခမ်း သည် ယနေ့ မေလ ၂၉ ရက်၊ ညနေပိုင်းတွင် မိုင်း မတော်တဆ ဖြစ်၍ ကျဆုံးခဲ့ကြောင်း သိရသည်။
.
ကိုနောင်ခမ်း သည် ကလောမြို့တွင် နေထိုင်သူ ဖြစ်ပြီး ၎င်း၏ မိသားစုကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လအတွင်းက အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း (၁၀၀၈) တပ်ရင်းက ထုတ်ပြန်သည်။
.
ရှမ်းတောင် (၁၀၀၈) တပ်ရင်းနှင့် KNDF ၊ URF တို့ ပါဝင်သည့် ပူးပေါင်းတပ်သည် ဖယ်ခုံအရှေ့ကမ်း၊ လွယ်ပေါကျေးရွာ အရှေ့တောင်ပေါ် စေတီကုန်းနှင့် လက်ဝါးကပ်တိုင် အနီးတစ်ဝိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ ၂၈ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွား ပြီးသော်လည်း ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ယနေ့ထိ အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်ဟုလည်း (၁၀၀၈) တပ်ရင်းက ထုတ်ပြန်သည်။

Journal Download

Photo of three cats