လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂ တည်ထောင်ခြင်း တစ်နှစ်ပြည့်အား ကြိုဆိုသည့် အနေဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များက ယနေ့ မေလ ၂၁ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂကို ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ရာ မနက်ဖြန်တွင် တစ်နှစ်ပြည့်မည် ဖြစ်ကြောင်း သိရသည်။