ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်းသည် ယနေ့ မေလ ၁၀ ရက်တွင် " အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ " စာတန်းအား ကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
" ကျနော်တို့ရဲ့တိုင်းပြည်ဟာ စစ်ကောင်စီရဲ့မတရား အာဏာသိမ်းမှုကြောင့် အမှောင် ကျရောက်နေတာ တစ်နှစ် ကျော်ခဲ့ပါပြီ။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ဖို့ ဆိုရင်တော့ ပြည်သူအပေါင်းက ညီညီညွတ်ညွတ်နဲ့တော်လှန်ဖို့ လိုအပ်ပါတယ်။ " ဟု သပိတ် ခေါင်းဆောင် တစ်ဦးက တိုက်တွန်း ပြောဆိုသည်။