လွယ်ပန်းစုံရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပေါ်သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်၍ ပြည်သူအချို့ ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွယ်ပန်းစုံရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပေါ်သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်၍ ပြည်သူအချို့ ဒဏ်ရာ ရ


ဖယ်ခုံမြို့နယ်၊ လွယ်ပန်းစုံကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပေါ်သို့ မေလ ၁၇ ရက်၊ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။



စကခ (၇) မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူ့နေအိမ်ပေါ် ကျရောက် ပေါက်ကွဲသည့်အတွက် ဘုန်းကြီးကျောင်းတွင် နေသူ အမျိုးသား ၂ ဦးလက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရခဲ့သည်ဟု Pekhon PDF တပ်ရင်း(၂)က ယနေ့တွင် ထုတ်ပြန်သည်။


အဆိုပါ လွယ်ပန်းစုံရွာသည် သွားလာရန် ခက်ခဲသည့် အင်းအလယ် ကျွန်းပေါ်တွင် တည်ရှိကာ အင်းအရှေ့ခြမ်း ကျေးရွာများမှ စစ်ရှောင်ပြည်သူများ နေထိုင်ကြ‌ကြောင်း သိရသည်။

.

PDF အပါအဝင် စစ်ကောင်စီတပ်များပါ သွားလာမှု မရှိသော လွယ်ပန်းစုံရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရသည့် ရည်ရွယ်ချက်ကို မသိရသေးကြောင်း Pekhon PDF တပ်ရင်း(၂)က ဆိုသည်။

Journal Download

Photo of three cats