ဖယ်ခုံမြို့နယ်၊ လွယ်ပန်းစုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့နယ်၊ လွယ်ပန်းစုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ဖယ်ခုံမြို့နယ်၊ အင်း အလယ်ရှိ လွယ်ပန်းစုံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၂၉ ရက်၊ နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအနီး ဝန်ကျင်သို့ လက်နက်ကြီးကျည် ၁၀
လုံး ကျရောက် ပေါက်ကွဲခဲ့သော်လည်း ဒေသခံ ပြည်သူများ ထိခိုက်မှု မရှိကြောင်း ဖယ်ခုံပြည်သူကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ထုတ်ပြန်သည်။
.
ပြီးခဲ့သည့် မေလ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လွယ်ပန်းစုံကျေးရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ လွယ်ပန်းစုံကျေးရွာသည် ရေလမ်းခရီး တစ်မျိုးထဲဖြင့်သာ သွားလာနိုင်‌သော စစ်ကောင်စီတပ်ရော၊ PDF များပါ သွားလာနိုင်ခြင်း မရှိသော ကျေးရွာ ဖြစ်သည်။

Journal Download

Photo of three cats