ထီရီးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး၍ ၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထီရီးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး၍ ၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဖမ်းမိ


ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ မေလ ၁၂ ရက်၊ နံနက် အစောပိုင်းတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၃) နှင့် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) PDF တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့် အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးနှင့် PNO ပြည်သူ့စစ် ၃ ဦးသည် လက်နက်ချ အဖမ်းခံခဲ့ကြောင်းနှင့် လက်နက်/ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

.

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင် ၂ ဦး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဆေးကုသမှုပေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားပြီး နောက် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

Journal Download

Photo of three cats