တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ စစ်ကောင်စီစစ်ရေးဂိတ်တွင် မေလ ၁၃ ရက်၊ မွန်းလွဲပိုင်းက သေနတ် အလက် ၅၀၊ လက်နက်ခဲယမ်းများနှင့်အတူ လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
ရပ်စောက်မြို့ မင်းကြီးသုံးပါး ဂိတ်တွင် စစ်ကောင်စီတပ်များက စစ်ဆေးမှုများ ပြုလုပ်နေစဉ် လူငယ် ၂ ဦး စီးနင်း မောင်းနှင်လာသော Canter ယာဉ်ပေါ်မှ လျှို့ဝှက် သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးနှင့် လက်နက်/ခဲယမ်းများမှာ မည်သည့် အဖွဲ့အစည်းမှ ဖြစ်သည်ကို မသိရှိရသေးပေ။