ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်ရင်းသား တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များအလွတ်သဘော ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်ရင်းသား တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များအလွတ်သဘော ဆွေးနွေး

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် Kachin Political Interim Coordination Team (KPICT) အတွင်းရေးမှူး Salang Nsang Gum San အပါအဝင် တိုင်ရင်းသား တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များ မေလ ၂၅ ရက်တွင် အလွတ်တန်း ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ့ပြည်တွင်းပဋိပက္ခများနှင့် သက်ဆိုင်ရာကိစ္စရပ် အသီးသီးအား ဆွေးနွေးခဲ့ကြသည်ဟု KPICT က ယနေ့တွင် ထုတ်ပြန်သည်။
.
စစ်တပ်၏ အဓိကငွေကြေးထောက်တိုင်ကြီး တစ်ရပ်ဖြစ်သည့် ရေနံလုပ်ငန်းမှ ဝင်ငွေလမ်းကြောင်းများအား ဖြတ်တောက်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးရန် အလွန်အရေးကြီးကြောင်း၊ လိုအပ်သော လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များအား အိမ်နီးချင်းနိုင်ငံတို့၏ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူပို့ဆောင်နိုင်ရာတွင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆွေးနွေးရန်လမ်းစဉ် အကောင်အထည်ဖော်ရေး တိုက်တွန်းနေခြင်းမှာ ငြိမ်းခါနီးသည့် မီးတောက်အား အသက်ပြန်သွင်းသည့် အသွင်မဖြစ်စေရန် အရေးကြီးကြောင်းအပြင် အခြားအရေးကြီး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု KPICT က ထုတ်ပြန်သည်။

Journal Download

Photo of three cats