ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ရှိ တောင်ကြီးဆေးတက္ကသိုလ်အနီးတွင် ယနေ့ မေလ ၃၀ ရက်၊ နံနက်ပိုင်းက အမျိုးသား ရုပ်အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
.
“ အမျိုးသား အလောင်းတွေ့တာ ဟုတ်ပါတယ်။ အလောင်းကို မနက်ကတည်းက လာ ယူသွားပါပြီ။ အလောင်းက ဘယ်သူဆိုတာတော့ မသိရဘူး။စစ်သားနဲ့ ရဲတွေပဲ လာစစ်ပြီး ယူသွားတာ။ အခုတော့ အေးဆေးပါပဲ။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
တောင်ကြီး ဆေးတက္ကသိုလ်ရှိ အမျိုးသမီးဆောင်၏ အပြင်ဘက်၊ တောင်တက်လမ်း အနီးတွင် ဒဏ်ရာများ ရရှိထားသော အမျိုးသား ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။