မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ မြစ်သာ မြစ်ကူး တံတားရှိ အာဏာသိမ်း စစ်ကောင်စီတပ် ကင်းစခန်းအား ယနေ့ မေလ ၂၆ ရက် နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များ စုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း HYPER UAV FORCE က ထုတ်ပြန်သည်။
.
HYPER UAV FORCE ၊ KKG တပ်ရင်း(၆) ၊ န.ပ.တ တပ်ရင်း (၇၀၃) ၊ (၇၀၄) တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ RPG ၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု HYPER UAV FORCE ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။