ကရင်နီ (ကယား) ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို တပ် တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယမန်နေ့ မေလ ၆ ရက်က ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ အခမ်းအနားသို့ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း၊ ညီနောင်မဟာမိတ်တပ်ပေါင်းစုနှင့် KRU မှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။
.
ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို ကို ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်တွင် NUG ၏ လမ်းညွှန်မှုဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။