မြလိပ်တောင်ထိပ်တွင် အာဏာရှင် ဆန့်ကျင်ရေးစာတမ်းကို မန္တလေးသပိတ်အင်အားစု တက်ရောက်ချိတ်ဆွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြလိပ်တောင်ထိပ်တွင် အာဏာရှင် ဆန့်ကျင်ရေးစာတမ်းကို မန္တလေးသပိတ်အင်အားစု တက်ရောက်ချိတ်ဆွဲ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းဘေးရှိ မြလိပ်တောင်ထိပ်၌ အာဏာရှင်ဆန့်ကျင်ရေး စာတန်းကို မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်များက ယနေ့ မေလ ၃ ရက်တွင် တက်ရောက် ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။



မိုး သည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ခက်ခဲကြမ်းတမ်းသည့် လမ်းအသွယ်သွယ် ကျောက်ဆောင်များကို ဖြတ်သန်းပြီး အမြင့်‌ပေ ၃၀၀၀ ကျော်ရှိ တောင်ထိပ်နေရာ အထိ တက်ရောက်ကာ " ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင် နေရဲလဲ၊ မင်းတို့ ကြောက်တဲ့ ကြွေးကြော်သံတွေ နေရာတိုင်းမှာ ပြန့်စေရမယ်၊ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ Myanmar Military Dictatorship must FAIL ၊ မန္တလေးသပိတ်အင်အားစု " စာတမ်းကို ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။



ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၈ ရက်ကလည်း မြလိပ်တောင်ထိပ်တွင် "မန္တလေးမှ လူငယ်တစ်စု" အမည်ဖြင့် အာဏာရှင်ဆန့်ကျင်ရေး စာတန်းကို ချိတ်ဆွဲခဲ့ဖူးပြီး ယခု ချိန်ဆွဲမှုသည် ဒုတိယအကြိမ် ဖြစ်သည်။

Journal Download

Photo of three cats