ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Pa-O NDF) သည် ယနေ့ မေလ ၁၄ ရက်၊ နံနက်ပိုင်းက စစ်ဘေးရှောင်စခန်း တစ်ခုသို့ သွားရောက် ကူညီ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၂၃၇ ဦး ရှိသည့် စစ်ဘေးရှောင်စခန်းကို သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ပါဝင်ကူညီ လှူဒါန်းကြသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိကြောင်း Pa-O NDF က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းအတွက် ဆီ၊ ဆား၊ ဟင်းချိုမှုန့် စသည့် အခြေခံ စားသောက်ကုန်များနှင့် နေရာထိုင်ခင်းများအတွက် မိုးကာများ လိုအပ်လျက်ရှိ၍ ပါဝင်ကူညီပေးရန်ကိုလည်း Pa-O NDF က တောင်းဆိုထားသည်။
.
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Pa-O NDF) သည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်နေသည့် ရှမ်းတောင် PDF ၇ ဖွဲ့ ပူးပေါင်းထားသည့် မဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်သော တပ်ဖွဲ့ တစ်ခု ဖြစ်ကြောင်း သိရသည်။