တောင်ကြီး အထက(၁) တွင် ကျောင်း အပ်နှံရေးနေ့ အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး အထက(၁) တွင် ကျောင်း အပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

 


တောင်ကြီးမြိုရှိ အထက(၁)ကျောင်း၌ ယနေ့ မေလ ၂၈ ရက်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ အခမ်းအနားသို့ စစ်ကောင်စီခန့် ပညာရေးဝန်ကြီး ဒေါက်တာ ညွန့်ဖေ အပါအဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် ဒေါက်တာ ညွန့်ဖေ သည် အထက(၂)၊ အထက(၄)၊ အထက(၇) ကျောင်းတို့ကိုလည်း သွားရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။

.




အာဏာသိမ်း စစ်ကောင်စီသည် အခြေခံပညာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိ သတ်မှတ်၍ ဇွန်လ ၂ ရက်တွင် ကျောင်းများ ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

.

အခြေခံပညာကျောင်းသားများသမဂ္ဂများ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများကလည်း စစ်အာဏာရှင် လက်အောက်တွင် ပညာသင်ယူခြင်း မပြုရန် တိုက်တွန်းထားသည်။

Journal Download

Photo of three cats