ဒီး​မော့ဆို မြို့မတံတားရှိ စစ်​ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေး ပူးပေါင်းတပ် ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီး​မော့ဆို မြို့မတံတားရှိ စစ်​ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေး ပူးပေါင်းတပ် ဝင်တိုက်


ကရင်နီ (ကယား)ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ​ဒီး​မော့ဆို မြို့မတံတားရှိ စစ်​ကောင်စီတပ်ဖွဲ့၏ ကင်းပုန်းတစ်ခုကို ပြည်သူ့ကာကွယ်​ရေး ပူးပေါင်းတပ်က ယမန်​နေ့ မေလ ၂၁ ရက်​ နံနက်ပိုင်းတွင် သွားရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

.

ထိုအတူ ဒီး​မော့ဆိုမြို့၊ ​မြို့မအားကစားကွင်း အနီးတွင် မနာပ​လော့ရပ်ကွက်မှ ရဲစခန်းသို့ အင်အားဖြည့်ရန် လာ​သော စစ်​ကောင်စီတပ်ဖွဲ့ကိုလည်း ပြည်သူ့ကာကွယ်​ရေး ပူးပေါင်းတပ်က ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ပြည်သူ့ကာကွယ်​ရေးတပ်-ဒီးမော့ဆို (DMO-PDF)၊ ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း တပ်ရင်း(၁၁၀၂) နှင့် KNDF တပ်ရင်း(၁၉) တို့ ပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း DMO-PDF မှ ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၂ ခုတွင် စစ်​ကောင်စီဘက်မှ ၄ ဦးခန့် ​သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ပြီး ပူး​ပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats