ငှားစီးသူ နည်းပါးလာသည့်အတွက် အငှားယာဉ်မောင်းများ အခက်ကြုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ငှားစီးသူ နည်းပါးလာသည့်အတွက် အငှားယာဉ်မောင်းများ အခက်ကြုံ


တောင်ကြီးမြို့ပေါ်တွင် အငှားယာဉ် (Taxi) ငှားရမ်းစီးနင်းသူ နည်းပါးလာသည့်အတွက် အငှားယာဉ်မောင်းများ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

စက်သုံးဆီ ဈေးနှုန်းများ သုံးဆခန့် မြင့်တက်လာမှု‌ကြောင့် ယာဉ်စီးခ နှုန်းထားများကိုပါ တိုးမြှင့်လိုက်ရသည့်အတွက် ယာဉ်ငှားရမ်းစီးနင်းသူ နည်းပါးသွားရခြင်း ဖြစ်‌ကြောင်း သိရသည်။

.

"အရင်တုန်းက ဆီဈေးက တစ်လီတာ ၈၀၀ လောက်ပဲ ရှိတော့ နည်းနည်းပါးပါး အဆင်ပြေသေးတယ်။ အခု နောက်ပိုင်း ဆီဈေးက တအား တက်သွားတော့ငှားခတွေပါ ဈေးတက်ရတဲ့အတွက် ကားငှားစီးတဲ့လူက မရှိ သလောက်ကို ဖြစ်သွားတယ်။ အုံနာကြေးရော စားဝတ်နေရေး အတွက်ပါ ခက်ခဲလာတာပါ" ဟု တောင်ကြီးမြို့နေ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

.

မော်တော်ယာဉ် ငှားရမ်းခအဖြစ် ယခင်က ဂိတ်ထွက် ၃ဝဝဝ ကျပ် အနည်းဆုံး ကောက်ခံခဲ့သော်လည်း ယခုအခါ ၅၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေရခြင်း ဖြစ်ပြီး ငှားရမ်းစီးနင်းသူ နည်းပါးကာ အချို့ယာဉ်မောင်းများမှာ ဈေးဦး မပေါက်သည့် နေ့ပင် ရှိနေကြာင်း သိရသည်။

.

ကား ငှားရမ်း စီးနင်းသူ နည်းပါးနေသည့်အတွက် တက္ကစီယာဉ်မောင်းအချိုမှာ အုံနာကြေး အပ်ရန်ပင် အဆင်မပြေတော့ကာ ယခုရက်ပိုင်းအတွင်း ကားပြန်အပ်သူများပြားနေကြောင်းနှင့် တက္ကစီ ယာဉ်မောင်းသူ ရှားပါးလာသည့်အတွက် ကိုယ်တိုင် ကားထွက်မောင်းရမည့် အခြေအနေ ဖြစ်လာနေကြောင်း ယာဉ်ပိုင်ရှင် တစ်ဦးကလည်း ပြောဆိုသည်။

Journal Download

Photo of three cats